ကိုယ်ရေးအချက်အလက် မူဝါဒ
Privacy Policy · နောက်ဆုံးပြင်ဆင်သည့်ရက် 2026-10-06
အတိုချုပ်
✅ သင့် Video နှင့် API Key များကို ကျွန်ုပ်တို့ server တွင် မသိမ်းပါ။ Account ဖွင့်စရာ မလိုပါ။
၁။ API Key
သင့် Gemini API Key ကို သင့် browser ၏ localStorage ထဲတွင်သာ သိမ်းပါသည်။ Key ကို Google ၏ server သို့သာ တိုက်ရိုက် ပို့ပြီး ကျွန်ုပ်တို့ server သို့ ဘယ်တော့မှ မပို့ပါ။ Browser data ဖျက်လိုက်ရင် Key လည်း ပျက်သွားပါမည်။
၂။ Video
- Video ကို သင့် browser မှ Google Gemini API သို့ တိုက်ရိုက် upload လုပ်ပါသည် (သင့် API key ဖြင့်)။
- Process ပြီးတာနဲ့ Google ပေါ်က ဖိုင်ကို ဖျက်ပါသည်။ မဖျက်နိုင်ခဲ့ရင်လည်း Google က ၄၈ နာရီအတွင်း အလိုအလျောက် ဖျက်ပါသည်။
- Video export ကို သင့် browser ထဲမှာပဲ လုပ်တာမို့ ထုတ်ယူသော video သည် သင့်စက်ထဲမှာသာ ရှိပါသည်။
၃။ Voice-over
"Free Neural Voice" ကို သုံးပါက Script စာသားကို ကျွန်ုပ်တို့ server မှတစ်ဆင့် Microsoft ၏ text-to-speech ဝန်ဆောင်မှုသို့ ပို့ပြီး အသံထုတ်ပါသည်။ စာသားနှင့် အသံကို မသိမ်းပါ။ "Gemini AI Voice" ကို သုံးပါက စာသားကို Google သို့ တိုက်ရိုက် ပို့ပါသည်။
၄။ Analytics
App ကို ပိုကောင်းအောင် လုပ်နိုင်ရန် ကျွန်ုပ်တို့ကိုယ်ပိုင် server ပေါ်မှာပဲ အမည်မဖော်သော အသုံးပြုမှု ကိန်းဂဏန်းများ (စာမျက်နှာ ကြည့်ရှုမှု၊ "Process စတင်သည်"၊ "Export ပြီးသည်" စသည်) ကို မှတ်ပါသည်။ Cookie မသုံးပါ၊ IP address ကို မသိမ်းပါ — နေ့စဉ်ပြောင်းပြီး ပြန်ဖော်လို့မရသော code (hash) တစ်ခုကိုသာ ရေတွက်ရန် သုံးပါသည်။ Video content၊ Script သို့မဟုတ် API key များ မပါဝင်ပါ။ Third-party analytics ဝန်ဆောင်မှု မသုံးပါ။ Browser မှာ "Do Not Track" ဖွင့်ထားပါက လုံးဝ မမှတ်ပါ။
၅။ Feedback
Feedback ပို့ပါက သင်ရေးသော စာ၊ ထည့်ပေးသော ဆက်သွယ်ရန် အချက်အလက် (optional) နှင့် ပြဿနာရှာဖွေရန် နည်းပညာ အချက်အလက် (browser အမျိုးအစား၊ error message — သင်ရွေးမှသာ) ကို KO NEX ထံ ပို့ပြီး ကျွန်ုပ်တို့ server ပေါ်တွင် သိမ်းပါသည်။
၆။ Third-party ဝန်ဆောင်မှုများ
- Google Gemini API — Google ၏ privacy policy အတိုင်း
- Microsoft Edge text-to-speech — Free Neural Voice အတွက်
- Amazon Web Services (AWS) — Website hosting
ဆက်သွယ်ရန်
App ထဲက 💬 Feedback ခလုတ်မှတစ်ဆင့် KO NEX ကို တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။